Saturday, April 4, 2020

Online ပေါ်မှာ အခမဲ့ ပညာသင်ခြင်း (Free Online Learning)

Online ပေါ်မှာ အခမဲ့ ပညာသင်ခြင်း (Free Online Learning)

* နိုင်ငံတကာတက္ကသိုလ်ကြီးတွေက ပညာရပ်တွေကို အင်တာနက်ပေါ်မှာ အခမဲ့ ပညာသင်ကြားလို့ရတယ်ဆိုတာ သိတဲ့သူတွေ ရှိသလို၊ တစ်ချို့လဲ မသိကြသေးပါဘူး။ သိတဲ့သူ အများစုကလဲ အင်္ဂလိပ်စာ အားနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့တင် Online Learning Website တွေရဲ့ ဝေးဝေးမှာ နေကြပါတယ်။


 အခမဲ့ပညာသင်ကြားဖို့ ဘာတွေလိုသလဲ? • သင်ကြားတတ်မြောက်လိုစိတ် • ဆုံးခန်းတိုင်အောင် သင်ကြားမှု • အင်တာနက်လိုင်း • အင်္ဂလိပ်စာအခြေခံနှင့် Dictionary တစ်အုပ် (Online Dictionary လဲအများကြီးပါ) အပေါ်က ပြောတဲ့အချက်တွေမှာ သင်ကြားတတ်မြောက်လိုစိတ်က အရေးအကြီးဆုံးဖြစ်ပြီး အင်္ဂလိပ်စာက နောက်ဆုံးမှာပါပါတယ်။ လုံးဝမတတ်ရင်တော့ သင်လို့မရပေမယ့် မြန်မာနိုင်ငံကလူအများစုက ကျောင်းမှာ သူငယ်တန်းကတည်းက သင်လာတာဆိုတော့ တကယ်သာတတ်ချင်တယ်ဆိုရင် စာလိုက်လို့ရကိုရပါတယ်။ နောက်ပြီး Video တွေ၊ ပုံတွေကလဲ အများကြီးနဲ့ သင်လို့ရတာမို့ နားလည်ဖို့အထောက်အကူအများကြီးပေးပါတယ်။
 ကိုယ်လေ့လာနေရင်း သိပ်နားမလည်ရင် ရပ်ပြီး စဉ်းစား၊ ရှေ့ကို နည်းနည်းပြန်ရစ်၊ Dictionary ကြည့် စတာတွေအများကြီးလုပ်လို့ရတာမို့ အင်္ဂလိပ်စာထက် သင်ကြားတတ်မြောက်လိုစိတ်ကသာ အရေးအကြီးဆုံးပါ။ 

အင်တာနက်ပေါ်မှာ အခမဲ့ ပညာသင်ကြားလို့ရတဲ့ Website တွေက EdX - https://www.edx.org/ Coursea - https://www.coursera.org/ Udemy - https://www.udemy.com/ Udacity - https://www.udacity.com/ Khan Academy

https://www.khanacademy.org/ Alison - https://alison.com/ Open Culuture - http://www.openculture.com Apple iTunesU - https://itunes.apple.com/ca/app/itunes-u/id490217893?mt=8 Stanford University - https://online.stanford.edu/ Harvard University - https://online-learning.harvard.edu/courses Yale University - https://oyc.yale.edu/courses TED Ed - https://ed.ted.com/ Oxford Podcast - http://podcasts.ox.ac.uk/series MIT CourseWare - https://ocw.mit.edu/courses/
 အပေါ်က List က နာမည်ကျော်ကြားတဲ့ Website တွေကိုပဲ တင်ပြထားတာပါ။ တခြား website အမြောက်အများလဲ ရှိပါသေးတယ်။ အခမဲ့ သင်ယူလေ့လာတဲ့နေရာမှာ ပညာရပ်တွေကို 100% အခမဲ့ ပေးထားတဲ့ course တွေအများကြီးရှိပေမယ့် တစ်ချို့ course တွေကိုတော့ ပိုက်ဆံ အနည်းငယ်ပေးရတတ်ပါတယ်။ တစ်ချို့ကတော့ Course ကို အခမဲ့၊ Certificate လိုချင်မှ ပိုက်ဆံပေး ဆိုတာများတွေလဲရှိပါတယ်။ အဲဒီ Certificate တွေက ခိုင်မာသလား မယ်ရိုးကတော့ Certificate ထက် ပညာရပ်တွေကို ပိုပြီး ညွှန်းချင်တာပါ။ ကိုယ့်နိုင်ငံမှာ တက်လို့မလွယ်တဲ့ဟာတွေ၊ စျေးကြီးပေးရမယ့်ဟာတွေကို ဒီ Website တွေမှာ အခမဲ့ သင်ယူနိုင်တာက အမြတ်ပါ။ မယ်ရိုးကိုယ်တိုင်လဲ တစ်ချို့ အချိန်ပေးရတဲ့ဟာတွေ ဒါမှမဟုတ် ကိုယ်လိုချင်တဲ့ Certificate (ပြန်သုံးလို့ရမယ်ဆိုရင်) Certificate ကို ဝယ်ပါတယ်။
 ကိုယ်စိတ်ဝင်စားတဲ့ပညာရပ်နယ်ပယ်ပေါ်မူတည်ပြီး အပြင်ကလုပ်ငန်းရှင်တွေလက်ခံ
တာလက္မခံတာ ကွဲပြားသွားတာပါ။ (ဥပမာ၊ Programming တစ်ခုခု .. ကိုယ်ရေးတတ်မရေးတတ်ဆိုတာကသာ အဓိကပါ။ Cerficate ကြီးပြပြီး မရေးတတ်ရင် ဘယ်သူမှ အလုပ်မခန့်ပါ)
Tips to Learn • အပေါ်က Website တွေကို ဝင်မကြည့်ခင် ကိုယ် ဘာကိုသင်မယ်ဆိုတဲ့ ဘာသာရပ်အမျိုးအစားကို အရင်ရွေးချယ်ပါ။ (Eg. Marketing, Entrepreneurship, Programming, Mathematics, Psychology)
 • ကိုယ်သင်ချင်တဲ့ ဘာသာရပ်အမျိုးအစားမဟုတ်ရင် ဝင်မကြည့်ပါနဲ့။ ဘာလို့လဲဆိုတော့ ဒီ Website တွေဟာ ရတနာသိုက်ကြီးတွေမို့ အကုန်လုံးဟာ လိုချင်စရာ၊ သင်ချင်စရာတွေချည်းမို့ပါ။
 • ကိုယ်သင်ချင်တဲ့ ဘာသာရပ်ရဲ့ ကြာချိန်၊ Certificate လိုချင်တဲ့သူတွေအတွက်ကျ certificate ရမရ၊ ကိုယ်သင်ချင်တဲ့ သင်ရိုးတွေက စုံမစုံ စတာတွေ သေချာလေ့လာပြီး စတက်ပါ။
 • တစ်ပြိုင်ထဲမှာ ၃ ခု ၄ ခု သင်ယူချင်တာတွေကို ရှောင်ပါ။ တစ်ခုပြီးမှ တစ်ခုတက်မှသာ အဲဒီ course ပြီးဆုံးအောင် သင်ဖြစ်ပါလိမ့်မယ်။
• နေ့တိုင်း အချိန်တစ်ခုသက္မှတ်ပြီး သင်တန်းတက်ရောက်ပါ။ ကိုယ့်ရဲ့Timetable မှာ အဲဒီအတွက် အချိန်သက်သက်မှတ်မှတ်ထားသင့်ပါတယ်။ အပေါ်က အချက်တွေက မယ်ရိုးရဲ့ ကိုယ်တွေ့ Tips လေးတွေပါ။ အ
Website အစုံမှာ Course ပေါင်းများစွာကို လိုက်တက်ဖို့ ကြိုးစားပြီး ဘယ်တစ်ခုမှ မပြီးပါဘူး။ တစ်ချို့ကျတော့လဲ Course တွေ Join ပြီးတဲ့နောက် အချိန်မပေးနိုင်တာတို့၊ ပျင်းတာတို့ စတဲ့အကြောင်းပြချက်တွေနဲ့ ဆုံးခန်းတိုင်အောင် မတက်ဖြစ်ခဲ့တာတွေရှိပါတယ်။ အခု 2018 မှာတော့ သင်ခန်းစာအကြွေးတွေအကုန် ဖြတ်နိုင်ပြီး ဆုံးခန်းတိုင်အောင် သင်ယူနိုင်ခဲ့ပါပြီ။ အခုစာကို ဖတ်နေတဲ့သူတွေလဲ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်တွေကို ပြီးဆုံးအောင်သင်ယူပြီး ဘဝအတွက် အထောက်အပံ့တစ်ခုခု ဖြစ်စေဖို့ ဆန္ဒပြုလျှက်
  Credit // မယ်ရိုး

အွန်လိုင်းပညာရေး တက္ကသိုလ်ပညာရပ်များဆိုင်ရာ ဘာသာရပ်များကို အွန်လိုင်းမှတစ်ဆင့် ဆည်းပူးလေ့လာနိုင်စေမည့် သင်တန်းများသည် ‌ခေတျစားလာနေကြောင်း၊ ဥရောပရှိ လူငယ်များအကြား ပိုမိုရေပန်းစားလာနေကြောင်း သိရသည်။
 အွန်လိုင်းပညာရေးသည် ဦးစွာအမေရိကန်ပြည်ထောင်စု၌ ကျယ်ပြန့်လာခဲ့ပြီးမှ ယ
ထိုးဖောက်ဝင်ရောက်နေရာယူလာခဲ့ခြင်းဖြစ်သည်။ လက်ရှိသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (အိုင်စီတီ)၏ အကျိုးကျေးဇူးဖြစ်သည်။ တစ်ဖက်တွင်လည်း အချိန်မလုံမလောက်နှင့် ကန့်သတ်ချက်များရှိနေကြသူများအတွက် ဤပညာရေးစနစ်က ကြီးစွာအထောက်အကူဖြစ်စေပါသည်။ Laptop ကွန်ပျူတာလေးတစ်လုံးရှိရုံဖြင့် အွန်လိုင်းပညာရေးနှင့် ချိတ်ဆက်ကာ မိမိကြိုက်နှစ်သက်ရာဘာသာရပ်ကို ရွေးချယ်သင်ယူလေ့လာခွင့်ရလာနိုင်ခဲ့သည်မှာ ခေတ်သစ်ပညာရေး၏ ထူးခြားချက်တစ်ရပ်ဟု ဆိုနိုင်ပါသည်။ လုပ်ငန်းခွင်လည်းမပျက်၊ အိုးမကွာ အိမ်မကွာပညာသင် ယူခွင့်ရလာနိုင်ခြင်းပင်ဖြစ်သည်။ ဆရာက သူ၏သင်ခန်းစာကို အွန်လိုင်းမှတစ်ဆင့်ပို့ချသည်။ ကမ္ဘာအရပ်ရပ်ရှိ ကျောင်းသားကျောင်းသူများက ရှေ့မှာ Laptop လေးချပြီးနားထောင်မှတ်သားကာ သင်ခန်းစာများကို ကျေညက်အောင်ထိ အေးဆေးသက်သာစွာဖြင့် လေ့လာသင်ယူနိုင်ကြသည်။ ဆရာနှင့်ကမ္ဘာတစ်ဝန်းမှတပည့်များ မျက်နှာချင်းဆိုင်ထိုင်လျက်နီးနီးနားနား ရှိနေကြသည်။ အွန်လိုင်းပညာရေး၏ ကျေးဇူးပင်။ ဤသို့ဖြင့် မာဂျယ်လန်တို့ နှစ်ပရိစ္ဆေဒကြာ ပင်ပင်ပန်းပန်းသက်စွန့်ဆံဖျားကြိုးစားပြီး ပတ်ခဲ့ရသောကမ္ဘာကြီးသည် လက်ရှိနည်းပညာခေတ်မှာ ရွာလေးတစ်ရွာမက အိမ်လေးတစ်လုံး စာသင်ခန်းလေးတစ်ခန်းပမာဖြစ်သွားရပြီ။ အမေရိကန်ပြည်ထောင်စု ဂျော့တောင်းတက္ကသိုလ်မှ ပါမောက္ခတစ်ဦးက သူ့ဘာသာရပ်ကို ကမ္ဘာ့နိုင်ငံပေါင်း ၁၅ဝ တွင်ရှိနေသော ကျောင်းသား ကျောင်းသူ သုံးသောင်းခန့်အား အွန်လိုင်းမှတစ်ဆင့် စာပေပို့ချပေးလျက်ရှိနေသည်။ အကျိုးဆက်မှာ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များသို့ မတက်ရောက်နိုင်သူများသည် ယင်းတက္ကသိုလ်များမှ ပို့ချချက်ဟူသမျှ အွန်လိုင်းမှသင်ယူခွင့်ရနိုင်ခြင်း။ ခေတ်သစ်ပညာရေးစနစ်၏ ဝိသေသထူးခြားချက်တစ်ရပ်ဖြစ်ပါသည်။ မိမိတို့နိုင်ငံတွင်လည်း အွန်လိုင်းပညာရေးကို ၂ဝ၁၂-၂ဝ၁၃ ပညာသင် နှစ်မှစ၍ စတင်ဖွင့်လှစ်သင်ကြားနေကြောင်း သိရသည်။ ရန်ကုန်အဝေးသင် တက္ကသိုလ်မှ ဖွင့်လှစ်ခဲ့သည့် YUDE Online Post Diploma in Law သင်တန်းအပတ်စဉ်(၁) ကို ၂ဝ၁၂ နိုဝင်ဘာလ ၁ ရက်မှ ၂ဝ၁၃ နိုဝင်ဘာလ ၁၃ ရက်ထိ သင်ကြားပို့ချပေးခဲ့သည်။ နိုဝင်ဘာ ၂ဝ ရက်က ထုတ်ပြန်ခဲ့သော အောင်စာရင်းတွင် အောင်မြင်သူ ၅၃ ဦးထိရှိခဲ့သည်။ ရန်ကုန်အဝေးသင်တက္ကသိုလ်မှ နိုဝင်ဘာ ၁၆ ရက်တွင် ဘွဲ့ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ''ပညာလို အိုသည်မရှိ'' ဆိုရိုးရှိသည်။ အွန်လိုင်းပညာရေးတွင် အလွှာစုံမှ အရွယ်စုံများ၊ ဌာနဆိုင်ရာအကြီးအကဲများထိ ပါဝင်သင်ယူခဲ့ကြောင်းသိရသည်။ မိမိတို့နိုင်ငံ၏ ခေတ်စနစ်နှင့်အညီ ပြောင်းလဲဖြစ်တည်လာသော အွန်လိုင်းပညာရေးဖြစ်သည်။ လက်ရှိပို့ချပေးနေသော ဥပဒေပိုင်းဆိုင်ရာ သင်တန်းများအပြင် ဘာသာစုံအွန်လိုင်းပညာရေးသို့ ဖြစ်ထွန်းလာမည်ဆိုပါလျှင် ''ပညာရေး ဝေးသည်မရှိ'' အဝေးသင်၏ ဆောင်ပုဒ်သည်လည်း အဓိပ္ပာယ်ပိုမိုပြည့်စုံပြီး ပီပြင်လာပါလိမ့်မည်။ မည်သည့်ကျူရှင်မှ တက်ရောက်စရာမလိုအပ်ဘဲ အရည်အသွေးပြည့်မီသောပညာရေးကို မိမိတို့ ကြိုးစားနိုင်သလောက် ထိုက်တန်စွာ ရရှိလာပါလိမ့်မည်။ ၂၁ ရာစု ပညာရေးသည် Knowledge ဟူသည့် ပညာတတ်မြောက်ခြင်း ဦးတည်ချက်မှ Enriching The Brain ဦးနှောက်ဖွံ့ဖြိုးစေခြင်း၊ သန်စွမ်းခြင်းသို့ ဦးတည်ပြောင်းလဲနေရာ ဤအွန်လိုင်းပညာရေးက အထောက်အကူဖြစ်စေပါလိမ့်မည်။ ပြောင်းလဲခြင်းဖြစ်စဉ်တိုင်းတွင် ပညာရေးသည် အဓိကအခန်းကဏ္ဍက ပါဝင်မြဲမဟုတ်ပါလော။

No comments:

Post a Comment

Online ပေါ်မှာ အခမဲ့ ပညာသင်ခြင်း (Free Online Learning)

Online ပေါ်မှာ အခမဲ့ ပညာသင်ခြင်း (Free Online Learning) * နိုင်ငံတကာတက္ကသိုလ်ကြီးတွေက ပညာရပ်တွေကို အင်တာနက်ပေါ်မှာ အခမဲ့ ပညာသင်ကြားလို့ရတယ...